Sep 16, 2012
ကျောင်းကို Volvo ကားအဟောင်းတစ်စီးပြင်ဘို့ ရောက်လာတယ်။ ပိုင်ရှင်ပြောတာတော့ Steering bearing လို့ပြောတာဘဲ။ ပြသနာကတော့ သူအဲ့ဒီကားမောင်းတဲ့နေစဉ် ဘရိတ်ကိုဖြည်းဖြည်းခြင်းစွဲတဲ့အခါမှာ စီယာတိုင် (Steering Wheel) က လှုပ်နေသော်ကြောင့် ဖြစ်သည်။
ကားကို မ တင်လိုက်ပြီး သေသေချာချာ စစ်ဆေးလိုက်တော့ winding ball joint bearing ရှောင်နေသော်ကြောင့်ဖြစ်တယ်... ဘယ်ဘက်၊ ညာဘက်၊ နှစ်ဘက်စလုံးကို သေသေချာချာ လှုပ်ကြည့် စစ်ဆေးတဲ့အခါမှာ ဘယ်ဘက်ရှေ့ကပိုပြီးတော့ ရှောင်နေတာကို တွေ့ရပါတယ်။

Volvo ကားအဟောင်း

ပြင်တဲ့အခါမှာ ကားဘီးကိုအရင်ဖြုတ်ပါ။ ပြီးနောက် Winding ball joint bearing အစွန်းနှစ်ဖက်မှာ ၀က်အူလှည့်ခေါင်း အမျိုးအစား နှစ်ခုရှိပါတယ်။ ဖြုတ်တဲ့အခါမှာ... ဓါတ်ပုံရဲ့ဘယ်ဘက် သံချောင်းအရှည်အလယ်က ၀က်အူကိုအသာလေး ရှောင်ရုံတင်လေးဘဲ လှည့်ပါ။ နောက်ပြီးတော့ ညာဘက်ထိပ်က အပေါ်သို့ထောင်ထွက်နေသော် ၀က်အူကိုဖြုတ်ပါ။ ဓါတ်ပုံထဲက ၀က်အူကတော့ ဟောင်းပြီး အတော်ကျပ်တာကြောင့်...ဆရာအပါအ၀င် ကျနော်တို့ ကျောင်းသားအားလုံး သဘောတူညီချက်ယူပြီး အဲ့ဒါကို စက်ဖြင့် ဖြတ်လိုက်ပါတယ်... ပြီးတော့အသစ်တက်လိုက်ပါတယ်....ဒါပါပဲ သိပ်မခက်ပါဘူး...း)

0 comments:

Post a Comment

Post a Comment