Sep 12, 2012
ဒီနေ့ကျောင်းမှာ သင်ခဲ့သော် အတွေ့အကြုံကတော့... Wheel bearing ခေါ် (မြန်မာလို ဖရီးဝှီးလို့ခေါ်တယ်တဲ့ ကျနော့်ရဲ့အဖေက ပြောတယ်) ပုံထည်မှာပါသော် နံပါတ် ၄ ရဲ့ အရှေ့ ညာဘက်က ကွင်းလေးကို ပြောတာပါ။ တချို့ကားတွေမှာ ဖရီးဝှီး နှစ်ခုပါ ပါတယ်။ နံပါတ် ၄ ရဲ့ အရှေ့က အကွင်းလေးရယ်၊ နံပါတ် ၁ ဘရိတ်ပြားရဲ့ အရှေ့မှာပါတက်ပါတယ်... အဲ့ဒါကို ဖြုတ်ပြီးတော့အသစ်လည်းချင်း၊ ဖြုတ်ကြည့်ချင်း၊ ဒါဏ်ရာရှိ မရှိ ကြည့်ခြင်းတို့ကို ကျောင်းမှာ ဒီနေ့လုပ်ပါတယ်....

"Ford ကားရဲ့ အရှေ့ဘီး ဖရီးဝှီး ဖြုတ်ယူပုံ"
အဲ့ဒီ ဖရီးဝှီးရဲ့ ပြသနာဟုတ်၊မဟုတ် သင်သိချင်လျှင်တော့... သင့်ရဲ့ကားကိုမြှောင့်တင်ပြီးတော့ သင့်ရဲ့လက်နှစ်ဖက်ဖြင့် ကားဘီးကိုကိုင်ပြီး ကားရဲ့ အတွင်း၊အပြင်သို့ လှုပ်ယမ်းကြည့်ပါ။ တကယ်လို့ ကားလှိမ့်ရာဘက်သို့လှုပ်ကြည့်မယ်ဆိုရင်တော့ ဂီယာထိုးပြီး လှုပ်ကြည့်ပါ။ တကယ်လို့ ကားဘီးကိုလှုပ်ယမ်းနေသော်အချိန်မှာ သိသိသာသာရှောင်ပြီး တဒုတ်ဒုတ်နှင့်မြည်နေလျှင်...ဖရီးဝှီးပြသနာဖြစ်တက်ပါတယ်...

ပြသနာဖြစ်လို့ ဖြုတ်ကြည့်ချင်လျှင်...သင့်ကားဘီးကိုဖြုတ်ပါ။ ကားဘီးပြီးသော်အခါ ပုံမှာပြထားသော နံပါတ်နှစ် ကိုဖြုတ်။ ပြီးလျှင် ပုံရဲ့ညာဘက်အောက်ဒေါင့်ကနေစပြီးတော့ဖြုတ်ရပါမည်။ ကားတော်တော်များများပုံစံတူပေမယ့် တချို့ကားများကတူချင်မှလည်းတူမှာပါ။ ပုံထဲကကားကတော့ Ford ကားရဲ့ အရှေ့ဘီးဖြစ်ပါတယ်...

အားလုံးဖြုတ်ပြီးလို့ ဖရီးဝှီးကို စစ်ဆေးတဲ့အခါမှာ...
အရင်ဆုံး ဖရီးဝှီးကို ရေဆေး ဒါမှမဟုတ် သေသေချာချာ ပြောင်အောင်သုတ်ပြီး...
သင့်လက်ဖြင့် အတွင်းအပိုင်းကိုရော၊ အပြင်အပေါ်က ဘောစေ့များကို လက်ဖြင့်ပွတ်၍ စမ်းသက်ကြည့်ပါ။ အကယ်၍သာ ဒါဏ်ရာရှိခဲ့လျှင် သင်ခံစားသိနိုင်ပါတယ်... ဒါဏ်ရာရှိခဲ့လျှင် အဲ့ဒါကို အသစ်ပြောင်းပေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အသစ်မလဲဘဲ အဟောင်းကိုတက်ပြီးပြန်မောင်းနေမယ်ဆိုရင်တော့ သိပ်မကြာတဲ့အခါ ဖရီးဝှီးကနေ ၀င်ရိုးတန်းပါ ပူးလာပြီး ဒုက္ခရောက်နိုင်ပါတယ်...။

ဝင်ရိုးတန်းဆိုလို့ အားလုံးပြန်မတက်ခင်မှာ ၀င်ရိုးတန်းကိုလည်း ဒါဏ်ရာရှိမရှိ လက်ဖြင့်ပွတ်၍ စမ်းသက်ကြည့်ပါ။ သူလည်း ဖရီးဝှီးလိုပါဘဲ ဒါဏ်ရာရှိရင်တော့ ပြင်ပေးတာအကောင်းဆုံးဖြစ်ပါတယ်..။

နောက်တစ်ခုက အားလုံးပြန်မတက်ခင်မှာ ၀င်ရိုးတန်းကနေစပြီး ပုံထဲမှာပြထားသော် နောက်ဆုံးအဖုံးအထိ လျှောဆီကိုလုံလုံလောက်လောက် လိမ်းပေးရပါလိမ့်မယ်။
လျှောဆီလိမ်းတဲ့အခါမှာ ဖရီးဝှီးက အရေးအကြီးဆုံးပါဘဲ။ ဖရီးဝှီးကို လျှောဆီလိမ်းတဲ့အခါ သင့်လက်ဖ၀ါးပေါ်ကို လျှောဆီများတင်ပြီး ဖရီးဝှီးအတွင်းထဲထိရောက်အောင် ဖိနှိမ့်လိမ်းပေးပါ။ တစ်ကယ်တော့ ဖရီးဝှီးမှာ အဆင့်နှစ်ထပ်ရှိပါတယ်...အပြင်ဘက်က ဘော်သီးများနှင့်တစ်ထပ် အတွင်းထဲကတစ်ထပ်ဖြစ်ပါတယ်...အဲ့ဒီနှစ်ခုကြား ပတ်လည်ကို ဟိုဘက်၊ ဒီဘက် နှစ်ဘက်လုံးပေါက်အောင် လက်ပေါ်လျှောဆီတင်ပြီး ဖိလိမ်းပေးပါ။

ကဲ့ အားလုံးပြီးသွားလို့ ပြန်တက်ဆင်ပြီး နောက်ဆုံး ၀က်အူကိုလှည့်တဲ့အခါ သတိထားဖို့က ၀က်အူကိုလှည့်ရင်းနဲ့ ဘရိတ်ပြားကိုပါ ၀က်အူလှည့်နှင့်အတူ ပြိုင်တူဖြည်းဖြည်းချင်း လှည့်ယူပေးပါ..။ ဘာဖြစ်လို့လဲဆိုတော့ ဘရိတ်ပြားဖြောင့်တန်းအောင် လည်၊ မလည် သိရအောင်ပါ။ တကယ်လို့ ဘရိတ်ပြားဖြောင့်ဖြောင့်တန်းတန်း မလည်ခဲ့ဘူး၊ ဘေးကိုစောင်း၍ လည်နေခဲ့လျှင် တခေါက်လောက်ပြန် ကြိုးစား၍ ဖြုတ်ပြီး ပြန်တက်လိုက်ပါ...

ဒီနေ့တော့ ဒီလောက်ပါဘဲ... မြန်မာစာအရေးအသားမှားတာရှိရင် ခွင့်လွတ်ပါ။ သိပ်မကျွမ်းကျင်လို့ တစ်ချို့စာလုံးများကို ကိုယ့်အဖေ၊ အမေ၊ မိသားစုကိုပြန်မေးနေရလို့ပါ။

ဒါက ကျောင်းမှာသင်ပြီး ဖြုတ်ထားတဲ့ပုံများ....

BMW ကား နောက်ဘီးဖြုတ်ပြီးနောက်








BMW ကား အရှေ့ဘီးဖြုတ်ပြီးနောက်








ဖရီးဝှီးကို ဖိအားဖြင့် ဖိနှိပ်ပြီး ဖြုတ်ခြင်း











တွေ့နေရသော် အတွင်းထဲက ဖရီးဝှီး





















ဥပမာအနေဖြင့် Youtube မှာတင်ထားသော် ဒီ Video လေးများကို လေ့လာကြည့်ပါ....

0 comments:

Post a Comment

Post a Comment