Sep 16, 2012
ကျောင်းကို Volvo ကားအဟောင်းတစ်စီးပြင်ဘို့ ရောက်လာတယ်။ ပိုင်ရှင်ပြောတာတော့ Steering bearing လို့ပြောတာဘဲ။ ပြသနာကတော့ သူအဲ့ဒီကားမောင်းတဲ့နေစဉ် ဘရိတ်ကိုဖြည်းဖြည်းခြင်းစွဲတဲ့အခါမှာ စီယာတိုင် (Steering Wheel) က လှုပ်နေသော်ကြောင့် ဖြစ်သည်။
ကားကို မ တင်လိုက်ပြီး သေသေချာချာ စစ်ဆေးလိုက်တော့ winding ball joint bearing ရှောင်နေသော်ကြောင့်ဖြစ်တယ်... ဘယ်ဘက်၊ ညာဘက်၊ နှစ်ဘက်စလုံးကို သေသေချာချာ လှုပ်ကြည့် စစ်ဆေးတဲ့အခါမှာ ဘယ်ဘက်ရှေ့ကပိုပြီးတော့ ရှောင်နေတာကို တွေ့ရပါတယ်။

Volvo ကားအဟောင်း

ပြင်တဲ့အခါမှာ ကားဘီးကိုအရင်ဖြုတ်ပါ။ ပြီးနောက် Winding ball joint bearing အစွန်းနှစ်ဖက်မှာ ၀က်အူလှည့်ခေါင်း အမျိုးအစား နှစ်ခုရှိပါတယ်။ ဖြုတ်တဲ့အခါမှာ... ဓါတ်ပုံရဲ့ဘယ်ဘက် သံချောင်းအရှည်အလယ်က ၀က်အူကိုအသာလေး ရှောင်ရုံတင်လေးဘဲ လှည့်ပါ။ နောက်ပြီးတော့ ညာဘက်ထိပ်က အပေါ်သို့ထောင်ထွက်နေသော် ၀က်အူကိုဖြုတ်ပါ။ ဓါတ်ပုံထဲက ၀က်အူကတော့ ဟောင်းပြီး အတော်ကျပ်တာကြောင့်...ဆရာအပါအ၀င် ကျနော်တို့ ကျောင်းသားအားလုံး သဘောတူညီချက်ယူပြီး အဲ့ဒါကို စက်ဖြင့် ဖြတ်လိုက်ပါတယ်... ပြီးတော့အသစ်တက်လိုက်ပါတယ်....ဒါပါပဲ သိပ်မခက်ပါဘူး...း)

Sep 12, 2012
ဒီနေ့ကျောင်းမှာ သင်ခဲ့သော် အတွေ့အကြုံကတော့... Wheel bearing ခေါ် (မြန်မာလို ဖရီးဝှီးလို့ခေါ်တယ်တဲ့ ကျနော့်ရဲ့အဖေက ပြောတယ်) ပုံထည်မှာပါသော် နံပါတ် ၄ ရဲ့ အရှေ့ ညာဘက်က ကွင်းလေးကို ပြောတာပါ။ တချို့ကားတွေမှာ ဖရီးဝှီး နှစ်ခုပါ ပါတယ်။ နံပါတ် ၄ ရဲ့ အရှေ့က အကွင်းလေးရယ်၊ နံပါတ် ၁ ဘရိတ်ပြားရဲ့ အရှေ့မှာပါတက်ပါတယ်... အဲ့ဒါကို ဖြုတ်ပြီးတော့အသစ်လည်းချင်း၊ ဖြုတ်ကြည့်ချင်း၊ ဒါဏ်ရာရှိ မရှိ ကြည့်ခြင်းတို့ကို ကျောင်းမှာ ဒီနေ့လုပ်ပါတယ်....

"Ford ကားရဲ့ အရှေ့ဘီး ဖရီးဝှီး ဖြုတ်ယူပုံ"
အဲ့ဒီ ဖရီးဝှီးရဲ့ ပြသနာဟုတ်၊မဟုတ် သင်သိချင်လျှင်တော့... သင့်ရဲ့ကားကိုမြှောင့်တင်ပြီးတော့ သင့်ရဲ့လက်နှစ်ဖက်ဖြင့် ကားဘီးကိုကိုင်ပြီး ကားရဲ့ အတွင်း၊အပြင်သို့ လှုပ်ယမ်းကြည့်ပါ။ တကယ်လို့ ကားလှိမ့်ရာဘက်သို့လှုပ်ကြည့်မယ်ဆိုရင်တော့ ဂီယာထိုးပြီး လှုပ်ကြည့်ပါ။ တကယ်လို့ ကားဘီးကိုလှုပ်ယမ်းနေသော်အချိန်မှာ သိသိသာသာရှောင်ပြီး တဒုတ်ဒုတ်နှင့်မြည်နေလျှင်...ဖရီးဝှီးပြသနာဖြစ်တက်ပါတယ်...

ပြသနာဖြစ်လို့ ဖြုတ်ကြည့်ချင်လျှင်...သင့်ကားဘီးကိုဖြုတ်ပါ။ ကားဘီးပြီးသော်အခါ ပုံမှာပြထားသော နံပါတ်နှစ် ကိုဖြုတ်။ ပြီးလျှင် ပုံရဲ့ညာဘက်အောက်ဒေါင့်ကနေစပြီးတော့ဖြုတ်ရပါမည်။ ကားတော်တော်များများပုံစံတူပေမယ့် တချို့ကားများကတူချင်မှလည်းတူမှာပါ။ ပုံထဲကကားကတော့ Ford ကားရဲ့ အရှေ့ဘီးဖြစ်ပါတယ်...

အားလုံးဖြုတ်ပြီးလို့ ဖရီးဝှီးကို စစ်ဆေးတဲ့အခါမှာ...
အရင်ဆုံး ဖရီးဝှီးကို ရေဆေး ဒါမှမဟုတ် သေသေချာချာ ပြောင်အောင်သုတ်ပြီး...
သင့်လက်ဖြင့် အတွင်းအပိုင်းကိုရော၊ အပြင်အပေါ်က ဘောစေ့များကို လက်ဖြင့်ပွတ်၍ စမ်းသက်ကြည့်ပါ။ အကယ်၍သာ ဒါဏ်ရာရှိခဲ့လျှင် သင်ခံစားသိနိုင်ပါတယ်... ဒါဏ်ရာရှိခဲ့လျှင် အဲ့ဒါကို အသစ်ပြောင်းပေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အသစ်မလဲဘဲ အဟောင်းကိုတက်ပြီးပြန်မောင်းနေမယ်ဆိုရင်တော့ သိပ်မကြာတဲ့အခါ ဖရီးဝှီးကနေ ၀င်ရိုးတန်းပါ ပူးလာပြီး ဒုက္ခရောက်နိုင်ပါတယ်...။

ဝင်ရိုးတန်းဆိုလို့ အားလုံးပြန်မတက်ခင်မှာ ၀င်ရိုးတန်းကိုလည်း ဒါဏ်ရာရှိမရှိ လက်ဖြင့်ပွတ်၍ စမ်းသက်ကြည့်ပါ။ သူလည်း ဖရီးဝှီးလိုပါဘဲ ဒါဏ်ရာရှိရင်တော့ ပြင်ပေးတာအကောင်းဆုံးဖြစ်ပါတယ်..။

နောက်တစ်ခုက အားလုံးပြန်မတက်ခင်မှာ ၀င်ရိုးတန်းကနေစပြီး ပုံထဲမှာပြထားသော် နောက်ဆုံးအဖုံးအထိ လျှောဆီကိုလုံလုံလောက်လောက် လိမ်းပေးရပါလိမ့်မယ်။
လျှောဆီလိမ်းတဲ့အခါမှာ ဖရီးဝှီးက အရေးအကြီးဆုံးပါဘဲ။ ဖရီးဝှီးကို လျှောဆီလိမ်းတဲ့အခါ သင့်လက်ဖ၀ါးပေါ်ကို လျှောဆီများတင်ပြီး ဖရီးဝှီးအတွင်းထဲထိရောက်အောင် ဖိနှိမ့်လိမ်းပေးပါ။ တစ်ကယ်တော့ ဖရီးဝှီးမှာ အဆင့်နှစ်ထပ်ရှိပါတယ်...အပြင်ဘက်က ဘော်သီးများနှင့်တစ်ထပ် အတွင်းထဲကတစ်ထပ်ဖြစ်ပါတယ်...အဲ့ဒီနှစ်ခုကြား ပတ်လည်ကို ဟိုဘက်၊ ဒီဘက် နှစ်ဘက်လုံးပေါက်အောင် လက်ပေါ်လျှောဆီတင်ပြီး ဖိလိမ်းပေးပါ။

ကဲ့ အားလုံးပြီးသွားလို့ ပြန်တက်ဆင်ပြီး နောက်ဆုံး ၀က်အူကိုလှည့်တဲ့အခါ သတိထားဖို့က ၀က်အူကိုလှည့်ရင်းနဲ့ ဘရိတ်ပြားကိုပါ ၀က်အူလှည့်နှင့်အတူ ပြိုင်တူဖြည်းဖြည်းချင်း လှည့်ယူပေးပါ..။ ဘာဖြစ်လို့လဲဆိုတော့ ဘရိတ်ပြားဖြောင့်တန်းအောင် လည်၊ မလည် သိရအောင်ပါ။ တကယ်လို့ ဘရိတ်ပြားဖြောင့်ဖြောင့်တန်းတန်း မလည်ခဲ့ဘူး၊ ဘေးကိုစောင်း၍ လည်နေခဲ့လျှင် တခေါက်လောက်ပြန် ကြိုးစား၍ ဖြုတ်ပြီး ပြန်တက်လိုက်ပါ...

ဒီနေ့တော့ ဒီလောက်ပါဘဲ... မြန်မာစာအရေးအသားမှားတာရှိရင် ခွင့်လွတ်ပါ။ သိပ်မကျွမ်းကျင်လို့ တစ်ချို့စာလုံးများကို ကိုယ့်အဖေ၊ အမေ၊ မိသားစုကိုပြန်မေးနေရလို့ပါ။

ဒါက ကျောင်းမှာသင်ပြီး ဖြုတ်ထားတဲ့ပုံများ....

BMW ကား နောက်ဘီးဖြုတ်ပြီးနောက်








BMW ကား အရှေ့ဘီးဖြုတ်ပြီးနောက်








ဖရီးဝှီးကို ဖိအားဖြင့် ဖိနှိပ်ပြီး ဖြုတ်ခြင်း











တွေ့နေရသော် အတွင်းထဲက ဖရီးဝှီး





















ဥပမာအနေဖြင့် Youtube မှာတင်ထားသော် ဒီ Video လေးများကို လေ့လာကြည့်ပါ....

Sep 10, 2012
ကားဘီးတာယာ ပေါ်က စာသားများရဲ့ဖွင့်ဆိုချက်များ....
၁. ကားဘီးပါးသွားခြင်းကိုပြသော်နေရာ
၂. ပြစ္စည်းကုန် အလေးအချိန်အညွှန်း
၃. ကားအချိန်နှုန်း.. S ရဲ့အမြင့်ဆုံးအချိန်နှုန်းကတော့ 111 Mph ဖြစ်ပါတယ်...
၎. ကျွတ်မပါသော် (Tubeless)
၅. တာယာပန်းအမျိုးအစား
၆. တာယာ အကျယ်အ၀န်း 175mm
၇. တာယာ အမြင့် ( တာယာ အကျယ်အ၀န်းရဲ့ ၇၀ ရာခိုင်နှုန်း)
၈. Radial Tyre
၉. ဂွေ စက်ဝိုင်းအချင်း (လက်မဖြင့်တိုင်းသည်)
၁၀. Dot-number ( USA တွင် အထူးအသိအမှတ်ပြုသော်)

စာသားအားလုံးကို မြန်မာလိုပြန်ရေးပေးဘို့အတွက် အခက်အခဲ ရှိတာကြောင့် ခွင့်လွတ်ပေးပါ... ကျနော်လည်း တချို့နာမည်များကို မြန်မာလိုသေသေချာချာ မသိ မခေါ်တက်လို့ပါ..း(
Sep 8, 2012
လေးလုံးထိုး Ford ကား ဒီဇယ်အင်ဂျင်
၁. timing belt အောက်အဖုံး။ တချို့ကတော့ လွန်းပတ် လို့ခေါ်ပါတယ်။ ကျနော်လည်း မြန်မာလို သေသေချာချာမပြန်တတ်ဘူး
၂. စက်သီး
၃. လွန်းပတ် အပေါ်အဖုံး
၎. စက်ကိုအလွယ်တကူထုတ်ရန်အတွက် သတ္ထုချောင်းအကွင်း
၅. ဖြည့်သွင်းသော် ပိုက် (နော်ဇယ်)
၆. လောင်စာဆီ ပိုက်
၈. power steering pump (စက်ကို သက်သာအောင် မောင်းနိုင်သော် pump)
၉. ထိန်းချုပ်ကန့်သတ်သော် pump
၁၀. လောင်စာ ပေးမှုကို ချုပ်ထိန်းသော် နေရာ
၁၁. စက်အပူချိန်အိမ်
၁၂.  power steering pump တက်ထားသောဘောင်နေရာ
၁၃. power steering pump အောက်တွင် တက်(ထောက်) သည့်နေရာ
၁၄. transmission belt (အင်ဂျင်ယက်အား လွန်းပတ်) အဖုံး
၁၅. စက်သီး

Sep 7, 2012
အခြေခံအင်ဂျင် အမျိုးမျိုးရှိသည်။ ဥပမာ- ကုန်တင်ကားအင်ဂျင်၊ မော်တော်ဆိုင်ကယ်၊ ကိုယ်ပိုင်ကားအင်ဂျင် နှင့် တခြားအင်ဂျင် များရှိသည်။ ကျနော်ကတော့ ကိုယ်ပိုင်ကားအကြောင်းကို လေ့လာနေသော်ကြောင့် ကိုယ်ပိုင်းကားအကြောင်းကို အများဆုံး ကြိုးစားပြီး Post များတင်သွားပေပါ့မယ်။
ကိုယ်ပိုင်ကားများမှာ ၄ လုံးထိုးစလင်ဒါ တွေ့ဖူးတာများပေမယ့် ၆ လုံးထိုး၊ ၈ လုံးထိုး၊ ၁၂လုံးထိုးတို့လည်းရှိပါတယ်။ ထို့အပြင် အင်ဂျင်မှာလည်း ပုံသဏ္ဍန် နှင့် တည်ဆောက်ပုံမျိုးစုံရှိပါတယ်။ ဥပမာ...
                                                          ပုံ ၁။

ပုံ ၁။  ၆ လုံးထိုးစလင်ဒါနဲ့ အတွဲလိုက်အင်ဂျင်။ စလင်ဒါများ တစ်ခုပြီးမှတစ်ခု တန်းစီနေခြင်းကိုဆိုသည်။ ကားထဲတွင် အင်ဂျင်နေရာချထားပုံမှာ ဒေါင်လိုက်ဖြစ်ချင်လျှင်ဖြစ်မည်၊ ဒါမှာမဟုတ် အလျှားလိုက်ဖြစ်မည်။ ဘာဖြစ်လို့လဲဆိုတော့ ကားရဲ့အကျယ်အ၀န်းပုံကိုကြည့်ပြီး နေရာချထားခြင်းဖြစ်သည်။

                                                         ပုံ ၂၊

ပုံ ၂။  ၆ လုံးထိုးစလင်ဒါနဲ့ V-အင်ဂျင် ဟုခေါ်သည်။ စလင်ဒါများ V ပုံသဏ္ဍန်ရှိသော်ကြောင့်ဖြစ်သည်။ ဥပမာအနေနဲ့ ၄၅ ဒီဂရီ သို့မဟုတ်ရင် ၉၀ ဒီဂရီ ဒေါင့်ရှိသည်။

                                                          ပုံ ၃၊

ပုံ ၃။  ၄ လုံးထိုးစလင်ဒါ၊ Box-အင်ဂျင်ဟု ခေါ်သည်။ စလင်ဒါများ တပြေးညီထည်းဖြစ်သည်။ အထူးသဖြင့် Porsche ကားများမှာ တွေ့နိုင်သည်။

ဒီနေ့အတွက်တော့ ဒီလောက်ပါဘဲ။ ကြိုးစားပါအုံးမည်...

Sep 5, 2012

မိတ်ဆက်စာ

ပထမဦးဆုံး အနေနဲ့ အားလုံး မင်္ဂလာပါ..ကျနော် အိပ်မက်လမ်း blog ကို တည်ဆောက်တဲ့ ရည်ရွယ်ချက်ကတော့ ကျနော် အခုမက်နေတဲ့ အိပ်မက်လေးကို အားလုံးဆီသို့ မျှဝေပေးချင်သော် စေသနာလေးကြောင့်ဖြစ်ပါတယ်။ အိပ်မက်ကတော့ ဒီလိုပါ....ကျနော်ဟာ ကားပြင်ဆရာဖြစ်ချင်တာရယ်၊ ဖြစ်ဖို့အတွက်ကို ကျောင်းတက်နေရပါတယ် (ကားပြင်ဆရာကြီးတော့ မဟုတ်ပါဘူး။ :) ) ဒါပေမယ့် ကျောင်းကသင်ခဲ့တဲ့ သင်ခန်းစာရယ်၊ အတွေ့အကြုံရယ် ရောပြီး Post တွေ ကြိုးစားပြီး တင်သွားပေးပါမယ်။ တစ်ချို့တွေ အကြံဥာဏ်တွေပေးချင်တာတို့၊ ကျနော် မှားတာရှိလျှင်ပြင်ပေးနိုင်ဖို့အတွက် comments တွေ ရေးပြီး အကြံဥာဏ်ပေးနိုင်ပါတယ်။ လာလည်ကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်လျှက်.....